ဆောင်းအေးအေးမှာ လေ့ကျင့်ခန်း လုပ်ပြီး ကြွက်သားတွေ နာပြီဆိုရင်
ဆောင်းအေးချိန်မှာ အအေးမိတာ၊ ချောင်းဆိုးတာ၊ နှာစေးတာတွကိုပဲ ခံစားရတာ မဟုတ်ပါဘူး။ ဆောင်းအေးအေးနဲ့ လေ့ကျင့်ခန်း လုပ်ကောင်းတယ်ဆိုပြီး ပြင်းပြင်းထန်ထန် လုပ်မိရင်လည်း လေ့ကျင့်ခန်း လုပ်တဲ့ အရှိန်ကြောင့် ကြွက်သားနာတာကိုလည်း ခံစားရနိုင်ပါတယ်။
ဆောင်းအေးအေးမှာ လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန်လုပ်ပြီး ကြွက်သားတွေနာလာပြီဆိုရင် သက်သာစေဖို့ ဒီနည်းလမ်းလေးတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။
ဆောင်းအေးအေး လေ့ကျင့်ခန်း လုပ်ပြီး ကြွက်သားတွေ နာပြီဆိုရင်
ဆောင်းအေးအေးမှာ လေ့ကျင့်ခန်း လုပ်လို့ နာသွားတဲ့ ကြွက်သားတွေ သက်သာစေဖို့ဆိုရင်
ရေများများသောက်ပါ
ရေသောက်တာက ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး ကြွက်သားနာကျင်တာတွေကို သက်သာစေပါတယ်။ ဒါကြောင့် ကြွက်သားနာလာပြီဆိုရင် အရင်ဆုံး ရေတစ်ခွက် ဝဝသောက်ချလိုက်ပါ။
ရေနွေးဝတ် ကပ်ပါ
နာကျင်မှုတွေကို သက်သာစေဖို့ရော ကြွက်သားတွေဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေဖို့ရော လုပ်ဆောင်ပေးလို့ရတဲ့ နောက်ထပ် နည်းလမ်းကောင်း တစ်ခုကတော့ ရေနွေးဝတ် ကပ်ပေးတာပါပဲ။
ရေခဲဝတ် ကပ်ပါ
ရေခဲကပ်ပေးတာကလည်း နာကျင်မှုကိုရော ရောင်ရမ်းမှုကိုပါ သက်သာစေနိုင်ပါတယ်။ ဒါကြောင့် နာကျင်နေတဲ့ နေရာကို ရေခဲဝတ်လေး ကပ်ပေးပါ။ ၁၅ မိနစ်ထက်တော့ ပိုမကပ်ပါနဲ့ ခဏနားပြီး ပြန်ကပ်ပေးတာမျိုး လုပ်ပေးပါ။
ငှက်ပျောသီး စားပေးပါ
နည်းနည်းတော့ ထူးဆန်းနေနိုင်ပေမယ့် ကြွက်သားနာတာကို သက်သာစေဖို့ ငှက်ပျောသီး စားပေးလို့ ရပါတယ်။
ဆေးပူလိမ်းပါ
နာကျင်နေတဲ့နေရာကို အိမ်တိုင်းမှာရှိတဲ့ ဒဏ်ကြေလိမ်းဆေး လိမ်းပေးတာကလည်း နာကျင်မှုကို သက်သာစေမှာပါ။
ရေနွေးနဲ့ ရေချိုးပါ
ရေနွေးနွေးလေးနဲ့ ရေချိုးပေးတာက ကြွက်သားတွေဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး ကြွက်သားနာကျင်တာကို သက်သာစေနိုင်မှာပါ။
နနွင်း
နနွင်းသောက်ပေးတာကလည်း ကြွက်သားနာကျင်တာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ကြွက်သားနာကျင်နေပြီဆိုရင် နနွင်းသောက်ပေးပါ။
ဆောင်းအေးအေးမှာ ကြွက်သားနာတာကြောင့် လေ့ကျင့်ခန်း လုပ်မပြတ်စေဖို့ ဒီနည်းလမ်းလေးတွေက ထောက်ကူပေးမှာပါ။
မွန်မွန်